Wednesday, January 20, 2010

ကဗျာတို အပိုင်းအစများ ..........

နူးညံ့တဲ့ နှလုံးသားက
အချစ်ကြောင့် အနာတရ ဖြစ်စေဖို့များ ........
ဖန်တီးခဲ့လေသလား ............


ဆောင်းနံက်ရဲ့ခင်းရဲ့
လေထန်လိုက်ပုံများ
ပ၀ါဖြူ တစ်စလို
တလှပ်လှပ် လူးလွန့်လို့
ရင်ထဲမှာ တုန်ရီလှိုက်မောအောင်
လွမ်းပြီးကျွမ်းနေတဲ့ / မောပန်းပြီး နွမ်းလျနေတဲ့
ငါ့နှလုံးသားပေါ်မှာမှ
ခပ်ပြင်းပြင်း ဖြတ်သန်းသွားလေရဲ့ ...........
ချစ်သူ ........... ငါ ....... မင်းကို ............ အရမ်းလွမ်းတယ် ........


ချစ်ခြင်း မေတ္တာဖြင့်
ဖွဲ့တည်တဲ့အိမ်မှာ
အလွမ်းတွေကို
ထုပ်ပိုးသိမ်းဆည်းရင်း
ရင်ခုန်ကြည်နူးခြင်းတွေကို
ခင်းကျင်း ချိတ်ဆွဲလို့်
လင်းပြတ်ရောင် အချစ်ရဲ့ နေ့တွေအတွက် ......

အိုး ....... ဗီးနပ် ..... နတ်ဘုရားမရေ ........

ငါလေ .....
ခါးသီးရှတ
လွမ်းရတဲ့ နေ့ရက်တွေကို
ခပ်မြန်မြန် ကုန်ဆုံးစေချင်ပြီ ........

No comments:

Post a Comment

Note: Only a member of this blog may post a comment.