Friday, January 22, 2010

တောရိုင်း .......

ရင်ခွင်ချင်း သိကျွမ်းဖို့
ကြိုးဆွဲခံရုပ်သေးရုပ်လို
ငါ .....
က ...... မပြချင်ဘူး။
အလွမ်းတွေ ပေကျံနေပါလျက်
မင်း ......
မြင်သာ ........ သနားဖို့
မျက်ရည်ကျ ပြလိုက်ရမှာ ....
ကိုယ့်ကိုယ်ကိုယ် သနားတယ်။

တစ်ကယ်မချစ်ခဲ့ဘူး ........ လို့
ငြင်းဆန်မယ်ဆိုရင်တောင်
ငါ့ ...... ပုခုံးစွန်းပေါ်က
နှုတ်ခမ်းရာတွေ
မင်းကိုယ်တိုင် ပြန်ယူသွားပါ ......

No comments:

Post a Comment

Note: Only a member of this blog may post a comment.