ပျော်ရွှင်ခဲ့ဖူး
ကာလဟောင်းဆီ
ပြန်ပြောင်းသတိရ
နှစ်တွေကြာညောင်း
ရက်တွေနှောင်းပေမယ့်
မနေ့ကအလား
စိတ်ဝယ် ရည်မှတ်
လွမ်းရပါတယ်
သူငယ်ချင်းတို့ရယ် ...။
အနေမနီးကြပေမယ့်
မင်းတို့ကို သွေဖီကာ
ငါ မမေ့ဘူး ...
တမ်းတစရာ နေ့လည်ခင်းပေါင်းများစွာမှာ
ငါတို့ သူငယ်ချင်းတွေစုပြီး
တောလိုက်ခဲ့တဲ့
တောင်ပေါ်က နေ့ရက်အချိန်တွေကို
ငါ ဘယ်မေ့မလဲ
သူငယ်ချင်းတို့ရယ် ....... ။
ဘ၀ခရီးလမ်းဆိုတာ
ဖြောင့်ဖြောင့် ဖြူးဖြူးနဲ့
တစ်သမက်တည်း မေ၇ာက်ဘူးဆိုတာ
မင်းတို့လည်း အသိသားလေ ..
ဇနကထုံး
နှလုံးမှုပြီး
အတင်းရုန်းကာ
ကြိုးစားလိုက်စမ်းပါ
အရှုံးဆိုတာ မရှိပါဘူးကွာ ......
မင်းတို့အားလုံး
မိုးထက်လင်းလက်
ကြယ်ပွင့်ကလေးများ ဖြစ်ပါစေလို့ ........
တောင်းဆုပြုလိုက်ပါတယ် သူငယ်ချင်းတိုရာ ......
PS. (ရေးထားတာ ကြာပါပြီအခုမှကြုံတာနဲ့ တင်ထားလိုက်တာပါ။ ငယ်ငယ်က လက်ရာပေါ့ဗျာ ....)