ထူးထူးဆန်းဆန်း မဟုတ်ပါဘူး
ဆောင်းဦးပေါက် တေးသွားနဲ့အတူ
သူပြန်ရောက်လာမလားလို့
ဖွင့်နေကျ တံခါးလေး ဖွင့်ပြီး
ညနေခင်းတစ်ခုလုံး ငေးကြည့်နေမိတာပါ
တွေ့လား .....
ကြယ်တစ်ချို့ ......
တောက်ပမှုနဲ့ လောင်ကျွမ်းနေချိန်
ကြယ်တစ်ချို့ ........
လောင်ကျွမ်းမှုနဲ့ တောက်ပနေကြတယ်။ ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.