Thursday, January 21, 2010

ရုန်းထွက်ခက်ဆဲ ....

ပန်းကျောင်းတကာတို့ရဲ့
ခေါင်းလောင်းသံထက် ချိုမြိန်တဲ့
နာပျော်ဖွယ် ဂီတသံတို့ထက်
သာလွန်တဲ့ မင်းရယ်သံသဲ့သဲ့
လေပြေညှင်းနဲ့အတူ မျောလွင့် ............
နှင်းမှုန်ဝတ်ဆံတွေ စိုလက်နေတဲ့
မင်းဆံနွယ်မျှင်တွေပေါ်မှာ
ငါ .....
ကြယ်ပန်းတစ်ခင်း ပျိုးပေးခဲ့ဖူးရဲ့ ........
ဝေသီနေတဲ့ မင်းမျက်ဝန်းတစ်စုံအတွက်ရည်စူး
ငါ ...... လွန်ကျူးစွာ
ရူးမိုက်ဖူးပါတယ် ......... ချစ်သူ
မင်း ......... အပြုံးတစ်ချက်အ၀င့်မှာ
လိပ်ပြာအကြိမ်ကြိမ် လွင့်ရင်း
ငါ ..... သေဆုံးခဲ့ရ .......
နူးညံ့တဲ့ ပိုးသားမျှင်တွေကို
ဒူးထောက်ကျစေတဲ့ အချစ်တွေနဲ့
မင်း ......... ငါ့ကို တုတ်နှောင်ခဲ့
ခုချိန်တိုင်အောင်
ရုန်းထွက်ခက်ဆဲ .......

No comments:

Post a Comment

Note: Only a member of this blog may post a comment.