ဖွင့်ပြောမှ သိမှာလား
မျောလွင့်ခဲ့တာ
ကိုယ်ပါကွယ် ......
မင်းရှေ့ကိုရောက်လာတဲ့
သစ်ရွက်ခြောက်လေးပါ ......
ဖွဖွလေးကောက်ပြီး
ရေကြည်တစ်ပေါက်လောက်
တိုက်လှည့်ပါ .........
ဖွင့်ပြောမှ သိမှာလား .....
လောင်ကျွမ်းခဲ့ရတာ
ကိုယ်ပါကွယ် ........
မင်းရှေ့ကိုရောက်လာတဲ့
မီးတောင်အောက်က
ပြာမှုန်လေး တစ်မှုန်ပါ ..........
ဖွဖွလေးကောက်ပြီး
လေပြေလေးနဲ့
နွေးထွေးပါ ..........
မင်း .... ကောက်ယူလိုက်တာနဲ့
နှစ်ယောက်အတူတူ အေးမျှ ပါရစေ ........။
No comments:
Post a Comment
Note: Only a member of this blog may post a comment.