သြော် .... လူကြီးလူကောင်းတဲ့လား
စိတ်မရှိပါနဲ့ဗျာ
ကျွန်တော် သတိတစ်ချက်လောက် ပေးချင်တယ်။
တဆိတ်လောက်
ခင်ဗျားတို့ရဲ့ မွှေးပျံ့တဲ့ အဲ့ဒီအရေခွံ့ကို
သပ်ယပ်မြဲမြံစွာ ခြုံလွှမ်းထားနိုင်ပါစေ
ဘယ်တော့မှ ကွာမကျပါစေနဲ့
လုံးဝကွာမကျပါစေနဲ့ ..........
အဲ့ဒီအရေခွံ့အောက်က
ပုတ်ဟောင်ညှီစို့နေတဲ့ အနံဆိုးတွေကို
ဖြူစင်ရိုးရှင်းသူတွေဆီ မကူးစက်စေချင်တာ
ကျွန်တော်ရင်ထဲက သစ္စာစကားပါ . .........
No comments:
Post a Comment
Note: Only a member of this blog may post a comment.