Sunday, December 6, 2009

ချစ်သူပေးသော အချစ်ကဗျာ (3) ..........

ကောင်မလေးရေ....
မင်းဆီ ကိုယ်ရောက်လာမယ်။
မင်းဟာ ဆိုက်ကလုန်းမုန်တိုင်းကိုလည်း ရပ်တန့်နိုင်စွမ်းပါလိမ့်မယ်။
ရွာချနေတဲ့မိုးစက်တွေကိုလည်း
တားဆီးနိုင်စွမ်းပါလိမ့်မယ်......
ဒါပေမယ့်
ကို့ကို တားဆီးရပ်တန့်ပစ်လိုက်ဖို့ကိုတော့
မကြိုးစားပါနဲ့ကွယ်....

ကောင်မလေးရေ.......
တို့တွေ နိဒါန်းပျိုးခဲ့ပြီးသား အချစ်ကိုတော့
မရပ်မတားပါနဲ့တော့လေ.
အဲဒီ အချစ် လို့ခေါ်တဲ့အရာကို
တို့နှစ်ယောက် ပိုင်ဆိုင်တယ်လေ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.