Sunday, December 6, 2009

နှစ်ဦးသဘောတူ ........

လာသွားစို့

လက်တွဲကာ ရဲရင့်ရင်ဆိုင်

အန္တရယ်တွေကို ကျော်ဖြတ်

အဲ့ဒီလမ်းဟာ ဆူးခင်းထားပေမယ့်

နှစ်ဦးသဘောတူရင်ပန်းပွင့်တွေကို

နင်းရသလိုပေါ့ ......



နေရစ်တော့

လက်တွဲဖြုတ်မယ်ဆိုရင်လည်း

ခါးသက်တဲ့ အဆိပ်တွေမျိုချလို့

မသေခင်အချိန်လေးအတွင်း

နှစ်ဦးသဘောတူရင်

မာနစစ်ပွဲ တစ်ပွဲလောက်ခင်းလို့ရသေးတယ်။



ဘာမဆို

ဘာတွေပဲလုပ်လုပ်

နှစ်ဦးသဘောတူရမယ်ဆိုပေမယ့်

နောက်ဆုံးတော့

အားလုံးကိုချန်ရစ်ထားရစ်ခဲ့ပြီး

တစ်ယောက်တည်း သေဆုံးရမှာပါ ...........

No comments:

Post a Comment

Note: Only a member of this blog may post a comment.