မနေတတ် မထိုင်တတ်တဲ့ ငါ့စိတ်
ထိုင်မရထမရဖြစ်တော့
မျောက် မီးခဲ ထိသလို
ဟို ..... ဒီ ခုန်ပေါက် ။
ပျံလွင့်တဲ့ ကောင်းကင်
ရွာချတော့ အက်ဆစ်
ခံရတဲ့ ငါ့ရင် .....
!@#$%^&*+_)(*$% .......
ရင်ထဲက ကန်သင်းရိုး
ဒေါက်တံတွေ များနေပြီ
........ ..........
ပဉ္စမံသစ္စာ
ရင်လုံးပြည့် ဝေသီတော့
အကိုင်းအခတ်တွေ
မျက်နှာပန်းလှတယ် ။
ငါ ..... ကြားဖူးတဲ့
ငြိမ်းချမ်းမှု
မာနနဲ့ သိက္ခာ/ အရှက်အကြောက်
ရင်ဘက်ရဲ့ ခပ်နက်နက်ထဲမှာ
သေချာစွာရှိရဲ့လား ?
နက်ရှိုင်းမှု ပင်လယ်ပြင်
ရေပေါ်ဆီ ငါလိုကောင်က
လည်ပင်း ..... ခဲချည်ပြီး
အရဲစွန့် ...... ငါ .......
ခုန်ဆင်းရမှာလား ........။
ငိုချင်းချနေတဲ့ မိုးစက်တွေ
လွမ်းမောဝေသီနေတဲ့ ဆောင်းနှင်းစက်တွေ
ကျွမ်းမြေ့ခြောက်သွေ့နေတဲ့ နွေရာသီ ..... ရင်ခွင်မှာ ...
ငါ့ အတွက် .......
မင်းမှာ ...
အဓိပါယ် ခပ်နက်နက် ရှိရဲ့လား ......။
တစ်ခုတော့ မှတ်ထားလိုက်ပါ ။
ဘယ်သစ်ပင်မှတော့ ယုတ္တိဗေဒကျအောင် အသီးအပွင့်တွေ ပွင့်ပြ၊ သီးပြ နေတာမဟုတ်ဘူး။ အိုကေ ........