တွေဝေ ငေးမော
ဆွေးလျတဲ့ စိတ်နဲ့
သူနဲ့မနီးတဲ့ ခွဲခွာညမှာ
ငါ့ အခန်း ပြတင်းတံခါးကို
ညကြယ်တွေနဲ့ အတူ
လေပြေ တိုးဝှေ့ .........
မေတ္တာသင်္ချေ
အလွမ်းအိပ်ရာပေါ်မှာ
လူလွန့် တွန့်ကြေ
ဂဏာမငြိမ်မှုရဲ့
အလွမ်း စိတ်ကူး
ညရဲ့ အဇ္ဖျတ္တထဲမှာမှ
တထိန်ထိန် တညီးညီး
တောက်လောင်နေတယ် ......
အင်း ...... (သက်ပြင်းချသံ)
သိစိတ်ရဲ့ အပြင်တစ်ဖက်မှာ
ဘာလို့များ ...
တစ်ရှိုက်မက်မက်
နာကျင်ခံစားနေရပါသလဲ .......
သောင်းကျန်းမြူးတူး
လွမ်းစိတ်တစ်ဝက်နဲ့
အိပ်ပျက်ညကိုမှ
အဒွန့်ရှည်တည်တံ့နေမိပါသလဲ ....
သြော် ....... ခက်တော့... ခက်ရချည့်
ငိုချင်နေပါတယ်ဆိုမှ
ကြယ်တွေက လက်တို့
ညအမှောင်က ဟားတိုက်နေတယ် ....
အလွမ်းကို ပုံကြီးမချဲ့ဖို့
သနားဂရုဏာပေးခဲ့မယ်ဆိုရင်လည်း ....
သတိရခြင်းရဲ့ အကိုင်းအခတ်တွေဖြန့်မိုးတဲ့
ထာဝရ စောင့်စားနေမှုကတော့
တိတ်ဆိတ်ခြင်း အနှောင်အဖွဲ့က လွတ်မြောက်ပြီး
(အတိတ်ညတွေမရှိဘဲ)
အသစ်တစ်ဖန် ပြန်တွေ့အုံး .....
အညတရတည်းဟူသော
နှောင်ကြိုး
ငါ ......
ဖြတ်လို့ မရုန်း နိုင် ။ ။ ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.